အဆင့်မြင့် နည်းပညာသုံး စမတ် လော့ကာ ဗီရိုများသည် ကိုယ်ပိုင်ပစ္စည်း သိမ်းခြင်း အစရှိသည့် တပ်ဆင်သော နေရာ၊ ကုန်ပစ္စည်းနှင့် ပါဆယ်ထုပ်များ ပို့ဆောင်ခြင်းကဲ့သို့ သယ်ပို့ပေးသော လုပ်ငန်း သို့မဟုတ် ရုံးတွင်းမှာပင် စာရွက်စာတမ်းများကို သိမ်းဆည်းခြင်းနှင့် လွှဲပြောင်းခြင်း စသည့် လိုအပ်ချက်ပေါ်မူတည်ပြီး လုပ်ငန်းမျိုးစုံအတွက် သုံးနိုင်ပါသည်။
နည်းပညာက လူသားအားလုံးကို လွှမ်းမိုး တွန်းပို့နေသည့် အလျင်အမြန် ကြီးထွားလာသော အသိုင်းအဝိုင်းတွင် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အရာရာတိုင်းသည် ဘဝလိုအပ်ချက်များနှင့် ကိုက်ညီအောင် တဖြည်းဖြည်း မှတ်ဉာဏ်ပါဝင်လာပါသည်။ လူသစ်များ၊ ပတ်ဝန်းကျင် အသစ်များနှင့်လည်း ဆက်လက် ဆီလျော်မှု ရှိပါသည်။
စမတ်ကားများ၊ စမတ်ဖုန်းများနှင့်အတူ စမတ် လော့ကာ ဗီရိုများမှာ လူကြိုက်များလာ ခေတ်စားလာနေပါသည်။ စွယ်စုံသုံးနိုင်သော ဗီရိုတစ်လုံးက ကျွန်ုပ်တို့အတွက် အကောင်းဆုံး အဆင်ပြေစေပါသည်။ ထူးခြားသော ဖြေရှင်းမှုသုံးမျိုးမှတစ်ဆင့် စမတ် လော့ကာ ဗီရိုက ဆောင်ရွက်နိုင်ပုံကို Locker & Lock က လေ့လာထားပါသည်။
သို့ဆိုလျှင် E-Locker ဟုလည်းခေါ်သည့် စမတ် လော့ကာ ဗီရိုက ဘာဆောင်ရွက်ပါသလဲ။ စမတ် လော့ကာ ဗီရိုများကို အထူးအာရုံစိုက်ခံရသည့် ဖြေရှင်းမှုနည်းလမ်းများစွာထဲမှ သုံးချက်ကို Locker & Lock က မိတ်ဆက်ပေးပါမည်-
- ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်း
- ရုံးခန်းအတွက် စမတ် လော့ကာ ဗီရို
- ပစ္စည်းပေးပို့ခြင်း
ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းခြင်း
ဤသည်မှာ လော့ကာဘီရိုတစ်လုံး၏ အခြေခံ သဘောသဘာဝအတိုင်း အသုံးချထားသော ဖြေရှင်းမှု နည်းလမ်းတစ်ခုဖြစ်သည်။ ဗီရိုတစ်ခုချင်းအတွက် ဖန်တီးထားသော ဆော့ဖ်ဝဲနည်းပညာနှင့် ပေါင်းစပ်လိုက်သောအခါ ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် သိမ်းထားရန် အသုံးချမှုများမှာ ပိုမိုလွယ်ကူလာပါသည်။
ဗီရိုများ အဖွင့်၊ အပိတ် ကိုယ်တိုင် ဆောင်ရွက်ခြင်းကို ဖန်သားပြင်ပေါ်မှ လွန်စွာ ရိုးရှင်းသော ဆောင်ရွက်ချက်များဖြင့် အစားထိုးလိုက်ပါသည်။
- ဆော့ဖ်ဝဲ မျက်နှာပြင်မှတစ်ဆင့် အသုံးပြုသူက သူ့ပစ္စည်းထားရန် မည်သည့်ဗီရို လွတ်နေကြောင်း၊ မည်သည့်ဗီရိုက မည်သည့်ပစ္စည်းအတွက် သတ်မှတ်ထားကြောင်း အတိအကျ သိနိုင်ပါသည်။
- မည်သည့်အသုံးပြုသူက ဗီရိုများ အသုံးပြုနေကြောင်း၊ မည်သည့် ဗီရိုတွင် ရွေးချယ်သိမ်းဆည်းကြောင်း မန်နေဂျာများက အချိန်မရွေး မြင်နိုင်ပါသည်။ ထို့ပြင် သီးခြားပစ္စည်းတစ်ခု ထားရန် သတ်မှတ်ထားသော ဗီရိုများက ဖယ်ထားသော၊ သို့မဟုတ် ထည့်ထားသော ပစ္စည်းအရေအတွက်ကို ထိုပစ္စည်း၏ အချက်အလက်များကို ဖြည့်ရန် အဆင့်ဆင့် ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး (ဘားကုဒ်ကို စကန်ဖတ်ခြင်း သို့မဟုတ် ကုန်ပစ္စည်း အမှတ်စဉ်ဖြည့်ခြင်းဖြင့်) မန်နေဂျာက သိရှိနိုင်ပါသည်။
ရုံးခန်းများအတွက် စမတ်လော့ကာ ဗီရိုများ-
- ဤဖြေရှင်းမှု နည်းလမ်းကို ဌာနများစွာရှိသည့် ရုံးများ၌ စာရွက်စာတမ်းများ ဆောင်ရွက်ခြင်း၊ ပါဆယ်နှင့် ပစ္စည်းများ အပြန်အလှန် ပေးပို့ခြင်း ပြုလုပ်ရာတွင် စောင့်ဆိုင်းချိန် နည်းပါးစေရန် ရည်ရွယ်ပြီး အသုံးပြုပါသည်။ ပေးပို့သူက သူနှင့် လက်ခံမည့်သူ၏ အချက်အလက်ကို ဖြည့်သွင်းကာ တစ်ခါသုံး စကားဝှက် (OTP) ကို လက်ခံသူ၏ ဖုန်းထဲသို့ (သို့မဟုတ် အီးမေးလ်ဖြစ်စေ၊ စာရွက်ပေါ်တွင် ပရင့်ထုတ်ထားသော ဘားကုဒ်ဖြစ်စေ) ပို့ပေးပါမည်။ ထို့နောက် ရွေးထားသော လော့ကာအံဆွဲသည် ပေးပို့သူက စာရွက်စာတမ်း သို့မဟုတ် ပစ္စည်းများ ထားရန်အတွက် အလိုအလျောက် ပွင့်လာပါမည်။
အသုံးပြုသူက ဗီရိုကို ပိတ်လိုက်သည်နှင့် လော့ကာ ဗီရိုသည် ‘‘အသုံးပြုနေဆဲ’’ အဖြစ်သို့ ပြောင်းလဲကာ လက်ခံသူတစ်ဦးတည်းကသာ ဗီရိုဖွင့်ရန် ရရှိထားသော OTP ကုဒ်ဖြင့် အသုံးပြုနိုင်ပါသည်။
ပေးပို့မှု-
ဤသည်မှာ အထက်ပါ ဖြေရှင်းမှုနည်းလမ်းနှစ်မျိုး၏ ပုံစံပေါ်တွင် အခြေခံကာ ဖော်ထုတ်ထားခြင်းဖြစ်သည်။ တင်ပို့သူအတွက် အံဆွဲကို တိကျစွာ သတ်မှတ်ရန် E-Locker မန်နေဂျာတွင် နောက်ထပ် နည်းစနစ်များ ရှိနေပါမည်။
အောက်ပါဥပမာဖြင့် ရှင်းပြပါမည်-
မစ္စတာအေသည် Shopee ဝက်ဘ်ဆိုက်တွင် ပစ္စည်းတစ်ခုဝယ်ပြီး သူနေသောတိုက်သို့ တင်ပို့ပေးရန် ရွေးချယ်လိုက်သည်။ သို့သော် ပေးပို့မည့်နေ့တွင် သူက လုပ်ငန်းကိစ္စ ခရီးသွားရမည်ဖြစ်ပြီး ကိုယ်တိုင် ပစ္စည်းမယူနိုင်ပါ။ မစ္စတာအေသည် သူ့တိုက်မှာ E-Locker တပ်ထားကြောင်း ချက်ချင်းသတိရလိုက်သည်။
မစ္စတာအေသည် ဗီရိုစီမံခန့်ခွဲရေးအဖွဲ့ထံ ဆက်သွယ်ပြီး တင်ပို့သူ၏ အချက်အလက်နှင့် သူပစ္စည်းယူမည့် အချိန်တို့ကို စီမံခန့်ခွဲရေးဌာနသို့ ပေးလိုက်သည်။ ထိုအချိန်တွင် စီမံခန့်ခွဲရေးက မစ္စတာအေ မှာယူသော ပစ္စည်း၏ အရွယ်အစားနှင့်အညီ လော့ကာအံဆွဲတစ်ခု ထားပေးပါမည်။ တစ်ခါသုံးစကားဝှက် (OTP) ယာယီ စကားဝှက်ကို Shopee မှ တင်ပို့သူထံသို့ ပို့ပါမည်။ Shopee မှ ပစ္စည်းပို့သူက E-Locker သို့လာကာ OTP ဖြည့်ပါက အံဆွဲပွင့်လာပြီး ပစ္စည်းထည့်နိုင်ပါသည်။ မစ္စတာအေသည် လုပ်ငန်းကိစ္စခရီးမှာ ပြန်လာသောအခါ နောက်ထပ် OTP ကုဒ်ကို ရရှိပြီး လော့ကာကို ဖွင့်နိုင်ပါမည်။
စမတ်လော့ကာများဖြင့် ဝန်ဆောင်မှုပေးရန် အသုံးပြုနိုင်သော မိုဒယ်သုံးမျိုးသာ ရှိပါသည်။ ထို့ပြင် အသုံးပြုသူများ၏ အမှန်တကယ် လိုအပ်ချက်နှင့် သတ်မှတ်ချက်များပေါ်မူတည်ပြီး စမတ်လော့ကာ ဗီရိုများကို အသုံးပြုသည့်မိုဒယ်နှင့် ပိုပြီး ကိုက်ညီအောင် စိတ်ကြိုက်ပြုလုပ်နိုင်ပါသည်။