Close

ဆေးရုံများ

ပင်မ / ဖြေရှင်းမှုနည်းလမ်းများ / ဆေးရုံများ

ဆေးရုံများအတွက် လော့ကာများ

  • lockernlock photos

မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံသော စက်ရုံများနှင့် နိုင်ငံတကာကျောင်းများအပြင် ရင်းနှီးမြှုပ်နှံသူများက ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကိုလည်း အာရုံစိုက်ကြပြီး နိုင်ငံတကာဆေးရုံများစွာကို ဆောက်လုပ်လျှက် ရှိပါသည်။ ထိုဆေးရုံများတွင် ခေတ်မီ စက်ပစ္စည်းနှင့် နည်းပညာများ တပ်ဆင်ပြီး ရောဂါပိုးထိန်းချုပ်မှု စံချိန်စံညွှန်းများကို ထိပ်တန်းဉီးစားပေးထားကာ ရောဂါရှာဖွေရေးနှင့် ခွဲစိတ်ခန်းသုံး လိုအပ်ချက်များကို ဝန်ဆောင်မှုပေးပါသည်။ နိုင်ငံတကာဆေးရုံများတွင် ကျန်းမာရေး လုပ်သားများနှင့် လူနာများကိုလည်း အရည်အသွေးမြင့် တာရှည်ခံ သိမ်းဆည်းမှု ABS လော့ကာစနစ် တပ်ဆင်ပေးထားပါသည်။

ABS လော့ကာကို ဆေးရုံများတွင် ဘာကြောင့် အသုံးပြုပါသလဲ။ အကြောင်းမှာ ABS လော့ကာများက အန္တရာယ်ကင်းရှင်းရေးနှင့် တစ်ကိုယ်ရေ ကျန်းမာရေး သတ်မှတ်ချက်အားလုံးနှင့် ကိုက်ညီပြီး ရောဂါပိုးထိန်းချုပ်မှုအတွက် မြင့်မားသော စံချိန်စံညွှန်းများ ထိန်းသိမ်းနိုင်ရန်လည်း ပုံမှန်သန့်ရှင်းရေး ပြုလုပ်နိုင်ပါသည်။ နှိုင်းယှဉ်ပြောရမည်ဆိုလျှင် သမားရိုးကျ သံနှင့် သစ်သား လော့ကာများမှာ ပုံမှန်သန့်ရှင်းရေးပြုလုပ်မှုကို မခံနိုင်ဘဲ တိုက်စားသွားရပါသည်။ ထိုအခါ ရေရှည်တွင် ပြုပြင် ထိန်းသိမ်းစရိတ် များလာပါသည်။ ထို့ပြင် အရောင်နှင့် အရွယ်အစားမျိုးစုံရှိသည့် ဗီရိုများက ဆေးရုံတွင် နေရာမစားဘဲ ပတ်ဝန်းကျင်ကို တောက်ပစေပါသည်။

ABS လော့ကာ ဗီရိုများကို လူနာအခန်းထဲရှိ လူနာခုတင်ဘေးတွင် တပ်ဆင်နိုင်သည်။ လူနာက ခေါင်းအုံး၊ အဝတ်အစား၊ အစားအသောက်များ စသည့် ပိုင်ဆိုင်မှုများနှင့် အရေးကြီးသောပစ္စည်းများကို လုံခြုံရေး သော့များဖြင့် သိမ်းနိုင်ပါသည်။ ထိုအခါ ခိုးယူမှု မဖြစ်အောင် ကာကွယ်ပြီး လူနာကို အလွယ်တကူ စိတ်သက်သာရာရစေပါသည်။ ABS လော့ကာကို ဝန်ထမ်းခန်းမများ၊ အစားအသောက် ထားသောအခန်းများနှင့် ရေချိုးခန်းနေရာများတွင် ကျန်းမာရေးလုပ်သားများ၏ ကိုယ်ပိုင်ပစ္စည်းများ သိမ်းဆည်းရန်လည်း သုံးနိုင်ပါသည်။ ပစ္စည်းများ ရှုပ်ပွမနေဘဲ ဖိနပ်နှင့် အိတ်များကြောင့် ချော်လဲခြင်း၊ လဲကျခြင်းများ မဖြစ်အောင် ကာကွယ်ပေးပါသည်။

ABS လော့ကာ ဗီရိုများ၏ ထူးခြားသော အားသာချက်များ
  • အလွန်ခိုင်ခံ့ပြီး ပြင်ပမှအားဖြင့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိကာ ပုံပျက်သွားခြင်း မရှိပါ
  • ABS ပစ္စည်းများမှာ မီးမတောက်နိုင်ဘဲ မီးဘေးကာကွယ်ရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီကာ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ ပြန်လည်အသုံးပြုနိုင်စွမ်း ရှိပါသည်
  • မှိုမတက်ဘဲ၊ လေဝင်လေထွက်ကောင်းသလို သန့်ရှင်းရန် လွယ်ကူပြီး ဆပ်ပြာမှုန့်ကြောင့် ထိခိုက်ခြင်း မရှိပါ
  • ထောင့်မပါသော ဒီဇိုင်းဖြစ်ပြီး အသုံးပြုသူများအတွက် စိတ်ချရသည်
  • အဝတ်/ယူနီဖောင်း ချိတ်သော အတန်းများဖြင့် အရွယ်အစားမျိုးစုံရှိခြင်း
  • ရွှေ့ပြောင်းရန်နှင့် ပြန်လည်နေရာချရန် လွယ်ကူပြီး ပေါ့ပါးခြင်း
  • ခေတ်မီ အရောင်များနှင့် စိတ်ကြည်နူးဖွယ် လှပခြင်း
  • သော့ပိတ်စနစ်သည် လုံခြုံကာ တစ်ဉီးချင်း ပိုင်ဆိုင်မှုကို အသေအချာ လုံခြုံစေခြင်း
ဆေးရုံများအတွက် ABS လော့ကာ အရွယ်အစား ရွေးချယ်နည်း (C x R x S)။

-> ABS လော့ကာ W600 စီးရီး (620 x 382 x 500) ကို ဖောက်သည်များက ရွေးချယ်ကာ မိမိပိုင်ပစ္စည်းများ၊ အဝတ်အစား၊ အစားအသောက်၊ ဆေးပစ္စည်းနှင့် ဆေးဝါးများ ထားနိုင်ပါသည်။