လော့ကာ ဗီရိုများမှာ စက်ရုံများ၊ ဟိုတယ်များ၊ အားကစားရုံများတွင်သာ ထင်ရှားသည်မဟုတ်ဘဲ ရုံးခန်းနေရာများ၊ ကုမ္ပဏီများနှင့် ကော်ပိုရေးရှင်းများတွင်လည်း လူသိများပါသည်။ အများသုံး လော့ကာများနှင့် ကိုယ်ပိုင် လော့ကာများ အသုံးပြုမှုမှာ သိသာပါသည်။ လုပ်ငန်းလုပ်ကိုင်သည့် ရုံးခန်းပတ်ဝန်းကျင်တွင် အချက်အလက်နှင့် ဒေတာများကို အလွန်လုံခြုံစွာထားရန် လိုအပ်ပါသည်။ သို့မှသာ အချက်အလက် ပေါက်ကြားမှု/ဆုံးရှုံးမှုကြောင့် ရှုပ်ထွေးမှုများ၊ ဆိုးရွားသော အကျိုးဆက်များ မဖြစ်အောင် ရှောင်ရှားနိုင်ပါမည်။
ရိုးရိုးသော့များဖြင့် သမားရိုးကျ လော့ကာများက အပူချိန်၊ စိုထိုင်းဆ၊ ခံနိုင်စွမ်းရည် ကျဆင်းမှု စသည့် အချက်များစွာကြောင့် အလွယ်တကူ ပျက်စီးနိုင်သည့်အတွက် အန္တရာယ် များပါသည်။ ထိုသို့ မဖြစ်စေရန်အတွက် ကော်ပိုရေးရှင်းများနှင့် ကုမ္ပဏီများက စာရွက်စာတမ်းများနှင့် ဝန်ထမ်းများ၏ ပိုင်ဆိုင်သောပစ္စည်းများ သိမ်းဆည်းရန် ABS လော့ကာ ဗီရိုများ အသုံးပြုရန် ရွေးချယ်လာပါသည်။
အရွယ်အစားနှင့် သော့ပုံစံများစွာ ရွေးချယ်နိုင်သည့်အတွက် သတ်မှတ်လိုအပ်ချက်အတိုင်း အလွယ်တကူ ကိုက်ညီကာ ဝန်ထမ်းတိုင်း၏ ပိုင်ဆိုင်မှုများကို လုံခြုံစွာ သိမ်းဆည်းမည့် ကိုယ်ပိုင် လော့ကာတစ်ခု ပေးပါသည်။ လော့ကာ ဗီရိုတိုင်းကို နေရာကျယ်ဝန်းပြီး လေဝင်လေထွက် ကောင်းရန် ပုံစံထုတ်ထားပါသည်။
ABS လော့ကာ ဗီရိုများ၏ ထူးခြားသော အားသာချက်များ
- အလွန်ခိုင်ခံ့ပြီး ပြင်ပမှအားဖြင့် သက်ရောက်မှုများကို ခံနိုင်ရည်ရှိကာ ပုံပျက်သွားခြင်း မရှိပါ
- ABS ပစ္စည်းများမှာ မီးမတောက်နိုင်ဘဲ မီးဘေးကာကွယ်ရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီကာ သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ ပြန်လည်အသုံးပြုနိုင်စွမ်း ရှိပါသည်
- မှိုမတက်ဘဲ၊ လေဝင်လေထွက်ကောင်းသလို သန့်ရှင်းရန် လွယ်ကူပြီး ဆပ်ပြာမှုန့်ကြောင့် ထိခိုက်ခြင်း မရှိပါ
- ထောင့်မပါသော ဒီဇိုင်းဖြစ်ပြီး အသုံးပြုသူများအတွက် စိတ်ချရသည်
- ပရိဘောဂ အရွယ်အစား အမျိုးမျိုးအတွက် သင့်တော်သော အရွယ်အစားမျိုးစုံရှိခြင်း
- ရွှေ့ပြောင်းရန်နှင့် ပြန်လည်နေရာချရန် လွယ်ကူပြီး ပေါ့ပါးခြင်း
- ခေတ်မီ အရောင်များနှင့် စိတ်ကြည်နူးဖွယ် လှပခြင်း
- သော့ပိတ်စနစ်သည် လုံခြုံကာ တစ်ဉီးချင်း ပိုင်ဆိုင်မှုကို အသေအချာ လုံခြုံစေခြင်း
ရုံးခန်းနေရာများအတွက် သင့်တော်သော လော့ကာ ဗီရို အမျိုးအစားများ (C x R x S)
- N2 (930 x 320 x 500) – စာရွက်စာတမ်းများ၊ ပစ္စည်းကိရိယာများ၊ ကိုယ်ပိုင်ပစ္စည်းများ၊ ချိတ်များ စသည်တို့ကို ထားနိုင်သည်
- W400 (465 x 382 x 500), W600 (620 x 382 x 500) – စာရွက်စာတမ်းများ၊ ပစ္စည်းကိရိယာများ၊ ကိုယ်ပိုင်ပစ္စည်းများ၊ ချိတ်များ စသည်တို့ကို ထားနိုင်သည်
- 5T စီးရီး (352 x 310 x 460)- စာရွက်များ၊ စာရွက်စာတမ်းများ ထည့်နိုင်ပြီး… အလုပ်နှင့်ဆိုင်သော ပစ္စည်းများ အထားအသို၊ အခင်းအကျင်း ကောင်းမွန်သော အလေ့အထ ဖြစ်စေကာ ပစ္စည်းများ ရှာဖွေလျှင်လည်း များစွာ အချိန်ကုန် သက်သာစေပါသည်