သင်ခရီးသွားစဉ်က အဝင်၊ အထွက် စောင့်ဆိုင်းရသော အခြေအနေကို ကြုံဖူးမှာသေချာပါသည်။ ကမ္ဘာလှည့် ခရီးသွားများ သွားလာသည့်နေရာကို သွားသောအခါ၊ လေဆိပ်မှ ထွက်ခွာပြီး ဟိုတယ်သို့ဝင်သောအခါ မျှော်လင့်ထားသည်ထက်စောပြီး သင်ရောက်ရှိကြောင်း သဘောပေါက်လိုက်သည်။ သို့မဟုတ် ဟိုတယ်က အခန်းလွတ်များ အချိန်မီ မစီစဉ်ပေးနိုင်ပါ။ ဟိုတယ်ခန်းမတွင် ခရီးဆောင်အိတ်များစွာဖြင့် ထိုင်စောင့်ရခြင်းမှာ ပျော်စရာ အားလပ်ရက်ခရီး ဖြစ်နေလျှင်ပင် စိတ်ပျက်ဖွယ်ကောင်းပါသည်။
ထို့ပြင် ဟိုတယ်မန်နေဂျာ အနေနှင့် ဧည့်သည်များ ထိုအခြေအနေမျိုး ရောက်နေပါက သင်ကလည်း တာဝန်မကင်းဟု ခံစားရသည် မဟုတ်ပါလား။
MCU အီလက်ထရွန်းနစ် လော့ကာ ဗီရိုများက အဆိုပါ အခြေအနေများ မဖြစ်အောင် သင့်ဟိုတယ်အတွက် အသင့်တော်ဆုံး ရွေးချယ်စရာ ဖြစ်ပါသည်။ ဖောက်သည်များက ခန်းမထဲတွင် ပြန့်ကျဲနေသည့် ခရီးဆောင်လက်ဆွဲအိတ် အပုံလိုက်ဖြင့် တပွေ့တပိုက် အခြေအနေမျိုး လုံးဝမရှိတော့ပါ။
ယခုအခါ MCU အီလက်ထရွန်းနစ် လော့ကာနှင့်ဆိုလျှင် ဧည့်သည်များက ဟိုတယ်ကိုလာပြီး သူတို့အိတ်ကို ဗီရိုထဲထည့်ကာ အဝင်၊ အထွက်အတွက် စိတ်လွတ်ကိုယ်လွတ် စောင့်ဆိုင်းနေနိုင်ပါပြီ။ ထို့ပြင် ဗီရိုများတွင် စီမံခန့်ခွဲရေး ဆော့ဖ်ဝဲများ ပေါင်းစပ်ထားသောကြောင့် ဟိုတယ်က ဧည့်သည်များမရောက်ခင် အချိန်ကုန်သက်သာစေရန် ခရီးဆောင်အိတ်များကို ဧည့်သည်အခန်းဆီ ပြောင်းရွှေ့ပေးနိုင်ပါသည်။
MCU အီလက်ထရွန်းနစ် လော့ကာများ၏ ထူးခြားသော အားသာချက်များ-
- ဗီရိုထဲရှိ အနီအောက်ရောင်ခြည် အာရုံခံကိရိယာက အံဆွဲလွတ်နေသလား၊ ပစ္စည်းရှိနေသလား သိရှိစေနိုင်ပါသည်။
- ဗီရိုထဲရှိ LED မီးက ဖောက်သည်များကို အလင်းရောင် နည်းပါးသည့် အခြေအနေများမှာပင်လျှင် ပစ္စည်းများ အလွယ်တကူ တွေ့ရှိစေနိုင်ပါသည်
- ဗီရိုများကို ကြည့်ရှုသူ၏မျက်လုံးတွင် အမြင်အာရုံ ပိုကောင်းစေမည့် ကုဗတုံးပုံစံသက်ရောက်မှုအတိုင်း ပုံစံထုတ်ထားသည့်အတွက် ဗီရိုကို လှပတင့်တယ်စေပါသည်
- PIN နံပါတ်၊ ဘားကုဒ် သို့မဟုတ် RFID ချစ်ပ်ပြား အသုံးပြုခြင်းကဲ့သို့ ပေးပို့၊ လက်ခံနည်းအတွက် ရွေးချယ်စရာများစွာပါဝင်သည်
- တောင်းဆိုပါက စုံလင်သောအရောင်နှင့် စိတ်ကြိုက် ရုပ်ပုံများဖြင့် ဒီဇိုင်းပြုလုပ်ပေးပါသည်
- အလုံးစုံ အလိုအလျောက်ဖြစ်ပြီး စီမံခန့်ခွဲရေး စရိတ်များ သက်သာစေသည်
ခရီးဆောင်အိတ်ထားရန်နေရာအတွက် MCU အီလက်ထရွန်းနစ် လော့ကာ ရွေးချယ်စရာများ
- ဘားကုဒ်အသုံးပြုသော MCU လော့ကာ ဗီရိုများ
- PIN နံပါတ်သုံးသော MCU လော့ကာ ဗီရိုများ
- RFID လက်ပတ်များသုံးသော MCU လော့ကာ ဗီရိုများ
အံဆွဲအရေအတွက်- 12 – 16 – 20 – 24 – 28 – 36 – 48 ရွေးချယ်နိုင်သည်